မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ စု‌ပေါင်းဆောင်ရွက်

မိုးညို    မေ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ယနေ့နံနက် နာရီက မြို့ပေါ်ရှိ သခင်လှရှိန်ရပ်ကွက်အတွင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သခင်လှရှိန်ရပ်ကွက်အတွင်းရှိ သခင်လှရှိန်လမ်းမကြီး၊ မြရတနာ ()လမ်း၊ နီလာလမ်းတို့ရှိ နေအိမ်များတွင်လည်းကောင်း၊ မဟာသုမင်္ဂလသီဟကြေးသွန်းဘုရားကြီးနှင့် တောရပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်းပြီး နေအိမ်များအတွင်း ရေစည်၊ ရေကန်၊ရေအိုးများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ပိုးလောက်လန်းများရှာဖွေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများအပြင် ခြင်များပေါက်ပွားမှုမရှိစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)