ကျိန္တလီမြို့တွင် ၂၀၂၂-၂၀၂၃  ပညာသင်နှစ် ကျောင်းအပ်နှံခြင်းအား စတင်လက်ခံဆောင်ရွက်

ကျိန္တလီ မေ  ၂၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်"ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့" ဆောင်ပုဒ်နှင့်အညီ ကျိန္တလီမြို့အတွင်း အခြေခံပညာကျောင်းများအားလုံး ယမန်နေ့နံနက် ၁၀ နာရီမှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်းသိရသည်။

ကျိန္တလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများအလိုက် အတန်းပိုင်ဆရာ၊ ဆရာမများက ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံလျက်ရှိပြီး ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံတို့ကို(အခမဲ့)ထုတ်ပေးလျက်ရှိသည်။ ကျောင်းအပ်ရက်မှာ မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှသိရသည်။

ကျိန္တလီ(ပြန်/ဆက်)