မော်လမြိုင် မေ ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြုအသက်မွေး၀မ်းကြောင်း အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို မေ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ညောင်ပင်ဆိပ်တိုးချဲ့-၂ ရပ်ကွက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သာသနာ့ရောင်ခြည်ကျောင်းတိုက်ဆရာတော်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာတို့က ရပ်ရွာအခြေပြုအသက်မွေး၀မ်းကြောင်း အခြေခံစက်ချုပ်သင်တန်းများကို အိမ်တွင်းမှုကျောင်းမရှိသည့်ဒေသနှင့် အိမ်တွင်းမှုကျောင်းများသို့ သွားရောက်ရန်အခက်အခဲရှိသောဒေသများသို့ လာရောက်ဖွင့်လှစ်ခြင်းဖြစ်၍ များစွာအကျိုးရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် ဆင်းရဲနွမ်းပါးသော အမျိုးသမီးတို့၏ ဘဝရပ်တည်နိုင်သောရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး မြို့ပြနှင့်ကျေးလက် တစ်ပြေးညီဖွံဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖွင့်လှစ်ခဲ့သည့် သင်တန်းဖြစ်သော ကြောင့်သင်တန်းသူများ အနေဖြင့်လည်း သင်တန်းမှရရှိသည့် အတတ်ပညာများဖြင့် မိမိတို့၏ မိသားစု စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် ရပ်ရွာအခြေပြုအသက်မွေး၀မ်းကြောင်း အခြေခံစက်ချုပ်သင်တန်း၌ ပထမဆုရရှိသူတစ်ဦးအား ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်၀င်းက စက်ချုပ်စက်တစ်စုံ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)