သံဖြူဇရပ် မေ ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ မေ ၂၆ ရက် ယနေ့နံနက် ၈ နာရီမှစတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးစတင်၍ ကျောင်းအပ်လက်ခံနေပြီ ဖြစ်သည်။
ကျောင်းအပ်လက်ခံရာတွင် အသက် ၅ နှစ်အရွယ်ကလေးများကို (KG) သို့အပ်နှံရမည်ဖြစ်ပြီး၊ ၆ နှစ်အရွယ်ကလေးများကို ပထမတန်း(Grade- 1)သို့ အပ်နှံရမည်ဖြစ်သည်။ KGတန်းမှ Grade 11 ထိ ယနေ့နံနက် ၈ နာရီမှစတင်၍ ကျောင်းအပ်စတင်လက်ခံနေပြီးဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုဘဲ ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကရိယာများအခမဲ့ထုတ်ပေးသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်သံဖြူဇရပ်မြို့နယ်၌ အခြေခံပညာကျောင်းပေါင်း(၁၂၉)ကျောင်းရှိပြီး၊ ယနေ့တွင် ကျောင်းသား/ကျောင်းသူ(၁၃၁၁၀)ဦးကို ကျောင်းအပ်စတင်အပ်နှံလက်ခံထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေးအေးသီ(ပြန်/ဆက်)