ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ဘုတ်ပြင်း မေလ ၂၆

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ယနေ့နံနက်ပိုင်းမှ စတင်ကာကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျေားင်းများတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကျောင်းများအလိုက် ဆရာ၊ဆရာမများက လက်ခံဆောင်ရွက်ပေးနေပြီး အခကြေးငွေတစ်စုံတစ်ရာကောက်ခံမှုရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာ အုပ်၊ဗလာစာအုပ်၊ဘောပင်၊ ခဲတံ ၊Mask နှင့် Face Shield စသည့် ပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးနေကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ    နှစ်အရွယ် ကလေးများကို KG တန်း ()နှစ်အရွယ် ကလေးများကို Grade-1  မှ  Grade-11 ထိ ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများကို ဇွန်လ (၂) ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)