မြို့သစ်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံ

မြို့သစ် မေ ၂၆

မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် ကျောင်းနေအရွယ် ကျောင်းသားလေးများ ပညာသင်ကြားနိုင်ရေးအတွက် မြို့သစ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၈ နာရီမှစတင်၍ ကျောင်းသား၊ ကျောင်းသူများအား လက်ခံပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညအထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်း ကျောင်းခွဲ (၁၈) ကျောင်း၊ အလယ်တန်းကျောင်း (၃၀) ကျောင်း အလယ်တန်းကျောင်းခွဲ (၂၉) ကျောင်း၊ မူလတန်းလွန်ကျောင်း(၄၀)ကျောင်း၊ အမကကျောင်း (၅၅)ကျောင်း၊ အမကကျောင်းခွဲ (၇) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁)၊ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း စုစုပေါင်း (၁၉၃) ကျောင်းတွင် မေလ (၂၆) ရက်နေ့က စတင်ကာဇွန်လ(၁)ရက်နေ့အထိ ကျောင်းသားများအား စတင်လက်ခံလျက်ရှိသည်။

ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဘော့ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံ (၁) စုံတို့အား နိုင်ငံတော်အစိုးရက အခမဲ့ထောက်ပံပေးလျက်ရှိကြောင်း သိရသည်။

ကိုဇော်(ပြန်/ဆက်)