ဂန့်ဂေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းများစတင်ဆောင်ရွက်

ဂန့်ဂေါ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်(၈)နာရီ အချိန်မှစတင်၍ ကျောင်းအပ်နှံခြင်းများကို စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က အခြေခံပညာကျောင်းပေါင်း (၁၄) ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်း၊ အ-ထ-က(ခွဲ)ကျောင်း(၂) ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ အ-လ-က (ခွဲ) ကျောင်း (၃) ကျောင်း၊ မူလတန်းကျောင်း (၂) ကျောင်းနှင့် အ-မ-က(ခွဲ)ကျောင်း(၁)ကျောင်း၊ စုစုပေါင်း (၁၇) ကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါ ကျောင်းအပ်နှံခြင်းများကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ(၂)ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းအားလုံးကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း(ယော)