မြောင်းမြ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အေခြခံပညာကျောင်းများတွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ်အတွက် သက်ဆိုင်ရာဆရာ/ဆရာမများက ကျောင်းသား/ကျောင်းသူ များကို ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင် အခမဲ့ကျောင်းအပ်နှံရခြင်း၊ ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘော့ပင်နှင့် ကျောင်းဝတ်စုံများ အခမဲ့ ထုတ်ပေးနေကြောင်း သိရသည်။
“မြောင်းမြမြို့နယ်တွင် အခြေခံပညာကျောင်း(၃၃၀)ကျောင်းနဲ့ ဘ.က(ဘုန်းတော်ကြီး ပညာသင်ကျောင်း)(၁)ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း (၃၃၁)ကျောင်းရှိပြီး သက်ဆိုင်ရာကျောင်းများတွင် တာဝန်ရှိဆရာ/ဆရာမများက ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါတယ်ဟု” မြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်ကျင်အေးက ပြောကြားသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားပြီး မြောင်းမြမြို့နယ်တွင် ကျောင်းအပ်နှံရေးအခမ်းအနားကို မေလ(၃၀)ရက်နေ့၌ အ.ထ.က(၆)ကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်