ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ဆင်ပေါင်ဝဲ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်လွင်က အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်မှ ကျောင်းအပ်နှံရေး အခမ်းအနား ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များနှင့် ဝတ်စုံများအား တာဝန်ရှိသူများမှ ပေးအပ်ခဲ့ရာ ကျောင်းသူ/ကျောင်းသားများမှ လက်ခံရယူ ခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)