ဓနုဖြူ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အခြေခံပညာကျောင်း (၂၁၀)ကျောင်းတွင် ယနေ့၊ မေလ (၂၆)ရက်နေ့မှစတင်၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်စတင် လက်ခံလျက်ရှိသည်။
ကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံ၊ ဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းနှင့် အဆိုပါ ကျောင်းအပ်လက်ခံရာ ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု့ အားပေးလျက်ရှိသည်။
ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ်၊ မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)