ညောင်တုန်း မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းများကို ယနေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ခံ ဆရာ/ ဆရာမနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေပညာကျောင်း (၂၁၅)ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၆)ကျောင်းတို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်လက်ခံကို မေလ (၂၆)ရက်မှ ဇွန်လ (၁)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)