ဖျာပုံ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပညာရေးမှူးရုံးမှ ဦးဆောင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ (၂၆)ရက်နေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က(၁) အောင်မြေခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ဖျာပုံခရိုင် ပညာရေးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးထင်အောင်ကျော်တို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားကြပြီး၊ ဖျာပုံမြို့နယ်ပညာရေးမှူး ဒေါ်တင်ရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဖျာပုံမြို့နယ်အနေဖြင့် ကျောင်းပေါင်း (၂၉၈)ကျောင်းရှိပြီး၊ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးထင်အောင်ကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်ရီနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များအား အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)