သရက်မြို့၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးသတင်းပတ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

သရက် မေ ၂၆

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးသတင်းပတ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း စိန်ရတုခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များဖြစ်သည့် ကျောင်းအပ်နှံရေး သတင်းပတ်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသော ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူရနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများအား အသီးသီး ပေးအပ်ခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နွဲ့နွဲ့စမ်းက ကျေးဇူးတင်စကား ပြောကြားပြီး ကျောင်းအပ်နှံရေးသတင်းပတ် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ ဆက်