ဇလွန်မြို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ဇလွန် မေ ၂၆

ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်အတိုင်း ယနေ့နံနက် ၉ နာရီကစတင်ပြီး ဇလွန်မြို့နယ်ရှိ အခြေခံပညာကျောင်းများ အားလုံးတွင် စတင် ကျောင်းအပ်လက်ခံလျက်ရှိသည်။

ဇလွန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၀၀)ရှိရာ အ.ထ.က ကျောင်း(၁၂)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၁၃)ကျောင်း ၊ အ.လ.က ကျောင်း(၁၃)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း (၅) ကျောင်း၊ အ.မ.က မူလွန်ကျောင်း (၆)ကျောင်း ၊ အ.မ.က ကျောင်း (၁၄၆)ကျောင်း၊ ဘုန်းတော်ကြီး သင်စာသင်ကျောင်း (၅) ကျောင်းတို့တွင် စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိပြီး (၂၆.၅.၂၀၂၂) ရက် နေ့မှ (၁.၆.၂၀၂၂) ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)