မြောက်ဦး မေ ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအနေဖြင့် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ များမှ ရေလမ်းခရီးဖြင့်သွားလာကြသော ပြည်သူများ ကျောင်းသား/သူများနှင့် မြို့မဈေး ကြီးသို့ ဘုတ်၊ စက်လှေများဖြင့် ဈေးဝယ်ရန်လာရောက်ကြသော ပြည်သူများအား အသက်ကယ် အင်္ကျီ (Life Jacket) များ စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီ အချိန်က မော်တော်ဘုတ်များဆိုက်ကပ်ရာ နေရာများသို့သွားရောက်ပြီး လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်ကယ်အင်္ကျီ Life Jacket စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရေး လက်တွေ့ သရုပ်ပြရာသို့ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ ဘုတ်၊ စက်လှေများဖြင့် မြို့မဈေးကြီးသို့ ကုန်ရောင်း၊ ကုန်ဝယ်လာရောက် ဝယ်ယူရောင်းချကြသော ပတ် ဝန်း ကျင်ကျေးရွာများမှ ရေလမ်းခရီးအသုံးပြုသွားလာကြသော ပြည်သူများအား မိုးရာသီ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ (Life Jacket) များစနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့ သရုပ်ပြသခြင်း၊ ခရီးသွားပြည်သူများအား (Life Jacket) များ လက်တွေ့ဝတ်ဆင်ခြင်းများ လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဒုမီးသတ်ဦးစီးမှူးက မိုးရာသီ သို့ရောက်ရှိလာပြီဖြစ်၍ ရုတ်တရလေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်နိုင်ခြင်းနှင့် လတ်တလော မြစ်ရေကြီးခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ များသို့ ပြေးဆွဲပေးနေသော ဘုတ်ပိုင်ရှင်များနှင့် စက်လှေပိုင်ရှင်များအနေဖြင့် (Life Jacket) များမပါရှိပါက ဝယ်ယူဖြည့်ဆည်း ဆောင်ရွက်ထားရှိရေးစသော ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် Life Jacket စနစ်တကျ ဝတ်ဆင်ရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)