မောင်တော မေ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သည့် သူများအား နဝမအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများမှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက်ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
အဆိုပါ ဦးတည်အုပ်စုတွင်ပါဝင်သည့်သူများအား နဝမအသုတ် (ဒုတိယ) အကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၄၁ ဦး၊ မှီခိုသူ ၈၀ ဦး စုစုပေါင်း ၁၆၃ ဦးအား ထိုးနှံပေးခဲ့ပြီး ဧပြီ ၂၆ ရက်နေ့မှ မေ ၂၅ ရက်နေ့ထိ နဝမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၃၂၅၉ ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွန်ချက်များ နှင့်အညီ ထိုးနှံပေးခဲ့ပြီးကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရ သည်။
သက်လွင်စိုးခရိုင်(ပြန်/ဆက်)