ရေဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး

ရေဖြူ မေ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပိုးလောက်လန်းစစ်ဆေးခြင်းနှင့်ခြင် ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းကို  ယနေ့နေ့လည် ၂ နာရီ ရေဖြူမြို့(က)နှင့် (ခ)ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ရေဖြူမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးလှနောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်ထင်ကိုကို၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြင့်မြတ်ရေဖြူ ပရဟိတအသင်းဝင်တို့  ပူးပေါင်း၍ ပြည်သူများ၏နေအိမ်ရှိ ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် ရေတိုင်ကီ၊ ရေအိုးများ၊ ရေကန်များ၊ ကားတာယာနှင့်ဘုရားပန်းအိုးများနှင့် စွန့်ပစ်ပစ္စည်းများအား ဖုန်း၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ကျင့်သုံးခြင်း ရှိ၊ မရှိ တစ်အိမ်တက်ဆင်း အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူဖြူရှိန်(ရေဖြူ)