ဒဂုံမြောက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓါတ်တိုင်များ လဲကျနေမှုအား ရှင်းလင်းဆောင်ရွက်

ဒဂုံမြောက်  မေ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့ညနေ ၆ နာရီအချိန်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓါတ်တိုင်များ လဲကျခဲ့ကြောင်း သိရသည်။

အဆိုပါ (၃၅)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် (၄၀)ရပ်ကွက်၊ အာသာဝတီလမ်းတွင် သစ်ပင်လဲကျခြင်းနှင့် ဓါတ်တိုင်ကျိုးကျခြင်းများ ဖြစ်ပွားရာနေရာသို့  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာ ပတ်ဝန်းကျင်သန့်ရှင်း‌ရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသစ်ပင်အား အမြန်ဆုံး ရှင်းလင်းနိုင်ရေးအတွက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်သူများနှင့် မော်တော်ယာဉ်များ သွားလာမှု၊ ပိတ်ဆို့မှုမရှိစေရန် အမြန်ဆုံးရှင်းလင်းဖယ်ရှား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ