ညောင်လေးပင် မေ ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်လေးပင်မြို့နယ်ရုံးမှ Mobile Library စနစ်ဖြင့် ညောင်လေးပင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ စာအုပ်၊ စာစောင်များကို အခမဲ့ သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် မအားလပ်၍ အချိန်မပေးနိုင်သည့် အတွက်စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် / စာငှားပရိသတ်များအတွက် သုတ၊ ရသစာအုပ်၊ စာစောင်များအား အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်ပြီး Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စာအုပ်၊ စာစောင်များကို အခမဲ့ငှားရမ်း ပေးခြင်းဖြစ်သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်း တို့ကို တစ်လတစ်ကြိမ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်