ရွှေဘိုတက္ကသိုလ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရွှေဘို မေ ၂၅

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီခွဲက ​ရွှေဘိုတက္ကသိုလ် ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ​တော်သို့​​ ရွှေဘိုတက္ကသိုလ် ဒုပါ​မောက္ခချုပ်​​ဒေါက်တာတင်တင်ရီ၊ ပါမောက္ခများ၊ ကထိကများ၊ သင်တန်း​ရေးရာဌာနမှူးများ၊ ဆရာဆရာမများ​​ကျောင်းသားကျောင်းသူများ၊ ခရိုင်မြို့နယ် သစ်တောဝန်ထမ်းများ တက်ရောက်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်​ကျော်​​​အောင်က တက်ရောက်လာသော  ဒုပါ​မောက္ခချုပ်တို့ထံ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့ပြီး၊ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်ပျိုးပင်များကို တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါမိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် နှစ်​ပေအမြင့်ထက် သစ်ပျိုးပင်များဖြစ်သည့် ကုက္ကိုလ်၊ စိန်ပန်း၊ ငု​ရွှေဝါ၊ မယ်ဇယ်၊ စုစု​ပေါင်း(၃၀၀) ပင်စိုက်ပျိုးခဲ့​ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်