မြို့သစ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

မြို့သစ် မေ  ၂၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မေ(၂၀)ရက်နှင့် (၂၂)ရက်နေ့များ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်  ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု၊  ကံဦးကျေးရွာမှ အိမ်(၁)လုံးနှင့် ဖလန်တိုင်း ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာမှ အိမ် (၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုး  ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ဒဟတ်ကုန်းကျေးရွာမှ အိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၆၀၀၀၀/-နှင့်ဆန်ရိက္ခာဖိုး ၁၂၆၀၀/-၊   ကံဦးကျေးရွာမှ   အိမ်(၁)လုံး၊အိမ်ထောင်စု(၁)စု၊ လူဦးရေ (၃)ဦးအတွက်  အိမ်ဆောက်ပစ္စည်းဖိုး၉၀၀၀၀/-နှင့် ဆန်ရိက္ခာဖိုး ၆၃၀၀/- စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုး ၁၅၀၀၀၀/- (ကျပ်တစ်သိန်းငါးသောင်း)နှင့် ဆန်ရိက္ခာဖိုး ၁၈၉၀၀/-(ကျပ်တစ်သောင်းရှစ်ထောင်ကိုးရာတိတိ) အား  မြို့သစ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမျက်ချယ် တို့မှ  အိမ်ထောင်စုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် ( ပြန်/ဆက်)