လှိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲခင်းကျင်းပြသ

လှိုင် မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလာစေရန်၊ စာကြည့်တိုက်အား အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယနေ့ ညနေ ၃ နာရီက စာအုပ်ပြပွဲကို  ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာအုပ်ပြပွဲတွင် အတ္ထုပ္ပတ္တိစာအုပ်များ၊ နိုင်ငံရေးစာပေများ၊ မြန်မာ့သမိုင်းကြောင်းများ၊ အတွေးအခေါ် ဒဿနိကစာအုပ်များ၊ ဆေးပညာစာအုပ်များ၊ စိုက်ပျိုးမွေးမြူရေး နည်းပညာစာအုပ်များ၊ အနုပညာရပ်များ၊ ဘာသာရေးစာအုပ်များ၊ ဘာသာစကားများ၊ အဘိဓာန်စာအုပ်များ၊ စာပေဗိမာန် စာမူဆုရစာအုပ်များ၊ ဘာသာပြန်ဝတ္ထုများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ ကာတွန်းရုပ်ပြများ၊ ကလေးစာပေများစသည့် စိတ်ဝင်စားဖွယ် အထွေထွေဗဟုသုတ စာအုပ်များစွာကို ခင်းကျင်းပြသထားရာ ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှု၍ ငှားရမ်းခဲ့ကြသည်။ ထိုကဲ့သို့ လစဉ်စာအုပ်ပြပွဲကို ခင်းကျင်းပြသရခြင်းမှာ ပြည်သူများအား “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေလေ့လာစို့” ဆောင်ပုဒ်နှင့်အညီ အသိပညာဗဟုသုတများ ဖွံ့ဖြိုးမြင့်မားလာစေရန်၊ စာဖတ်ဝါသနာကို ပျိုးထောင်ပေးရန်၊ စာဖတ်ခြင်း၏အကျိုး ကျေးဇူးများကို သိရှိခံစားနိုင်စေရန်၊ အသစ်ရောက်ရှိသော စာအုပ်များဖြင့် မိတ်ဆက်ပေးရန် ရည်ရွယ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  သတင်းရရှိသည်။

ကျော်ရဲအောင်(ပြန်/ဆက်)