ဘုတ်ပြင်းမြို့၌ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ခြင်ဆေးဖြန်းခြင်း၊ Abate ခတ်ခြင်း၊ (ဖုံး၊သွန်၊လဲ၊စစ်) ဆောင်ရွက်

ဘုတ်ပြင်း မေ ၂၄

တနင်္သာတိုင်းဒေသကြီး ဘုတ်ပြင်းမြို့တွင် အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ခြင်ဆေးဖြန်းခြင်း၊ Abate ဆေးခတ်ခြင်း၊ (ဖုံး၊သွန်၊လဲ၊စစ်) ဆောင်ရွက်ခြင်းကို ယနေ့နံနက်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များက စာသင်ကျောင်းခန်းအတွင်း ခြင်ဆေးဖြန်းခြင်း၊ ရေတွင်းရေကန်များ၊ ရေစည်ရေးအိုးများကို Abate ဆေးများခတ်ခြင်း၊ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များတွင် တစ်အိမ်တက်တစ်အိမ်ဆင်း (ဖုံး၊သွန်၊လဲ၊စစ်) ဆောင်ရွက်ခြင်းနှင့် သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာဆိုင်ရာအသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)