မိုင်းပျဉ်းမြို့၌ မူလတန်းကျောင်းအုပ်များ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ

မိုင်းပျဉ်း မေ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် မူလတန်းကျောင်းအုပ်များ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက အထက၊ မိုင်းပျဉ်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

မူလတန်းကျောင်းအုပ်များ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းနှင့် မြို့နယ်အတွင်းရှိ အထကကျောင်းအုပ် (၅)ဦးတို့က စီမံခန့်ခွဲမှုလုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ဦးဆောင်ဆွေးနွေးကြပြီး မြို့နယ်အတွင်းရှိ တက်ရောက်လာကြသော မူလတန်းကျောင်းအုပ်များဖြင့် အသေးစိတ်အပြန်အလှန် ဆွေးနွေးကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ အထက်တန်း/ မူလတန်းကျောင်းအုပ်များ စုစုပေါင်း(၁၃၂)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကာလ(၂)ရက်ကြာမြှင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်ဆက်)