ကြံခင်း မေ ၂၄
ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနရှိ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်များ ပြင်ဆင်စုဖွဲ့ထားရှိမှုနှင့် တပ်စုများ အသင့်စုဖွဲ့ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြံခင်းမြို့နယ်အတွင်း မိုးဦးကာလတွင် ကျရောက်နိုင်သော မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကြိုတင် ကာကွယ်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်ကြီးကြပ်မှုဖြင့်၊ သန္ဓေ တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့များ၊ တပ်စုများ အသင့်စုဖွဲ့ပြင်ဆင်ထားခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ဖိုက်ဘာလှေ၊ ရာဘာလေသွင်းလှေ၊ BASET၊ မီးခိုးထုတ်စက်၊ Life Jacket၊ Such Light၊ Chain Saw စသည့် ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက ကြည့်ရှု့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)