ချောက်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ

ချောက်  မေ  ၂

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဖွင့်ပွဲအခမ်းအနားကို မန်နေ့နံနက်၉နာရီ အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဖွင့်ပွဲ" အခမ်းအနားအား မ​ကွေးခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်​ရေးမှူး ဦးမောင်ထူး၊ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က မိုးပျံပူ​ဖောင်းများဖြင့်ဖဲကြိုး ဖြတ်ဖွင့်လှစ်​ပေးခဲ့သည်။

ထို​နောက်မ​ကွေးခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်​ရေးမှူးဦးမောင်ထူးက မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနခန်းမတွင် ​ချောက်ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးရုံးဖွင့်ပွဲ"နှင့် ပတ်သက်သည့်များကို ရှင်းလင်း​ပြောကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​သည်။ ခရိုင်ရုံးဖွင့်ပွဲသို့ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိုးစိုး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး တင်ထွန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ တက်​ရောက်ခဲ့​ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)