အင်္ဂပူ မေ ၂၄
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် သဘာဝဘေးကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေး အသင့်စုဖွဲ့ထားရှိမူအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေးက မြို့နယ်အတွင်း မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သော လေပြင်းတိုက်ခတ်မှုများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ မုန်တိုင်းအန္တရာယ်များ၊ ရေကြီးရေလျှံမှုများနှင့် အခြားသော သဘာဝဘေးများ ကြုံတွေ့လာပါက အမြန်ဆုံးထိထိရောက်ရောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လျှင်မြန်စွာ ကူညီဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစည်းပါဝင်သော သဘာဝဘေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို အသင့်ဖြစ်အောင် အမြဲလေ့ကျင့် ပြင်ဆင်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်များမှာကြားပြီး တပ်ဖွဲ့ဝင်များကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)