ရွှေတောင်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်း ဆင်းပွဲ ပြုလုပ်

ရွှေတောင် မေ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူကသင်တန်း၏ ရည်ရွယ်ချက်နှင့် သင်တန်းပြီးမြောက်ပြီဖြစ်၍ သင်တန်းမှရရှိသော အတတ်ပညာများဖြင့်မိမိတို့၏ အသက်မွေးဝမ်းကျောင်း ကိုအထောက်အကူပြုနိုင်သည့်အပြင်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ တွင်လည်း မိမိအတတ်ပညာများဖြင့် ပေါင်းစပ်ကူညီပေးနိုင်ရန်ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးမျိုးသူက  သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းကို ပန်းရန်နည်းပြဆရာမှ သင်တန်းသား (၂၀) ဦးကို စာတွေ့လက်တွေ့ သင်တန်းကာလရက် (၂၀) ကြာသင်ကြား ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)