ဖျာပုံမြို့၌ Mask များ တပ်ဆင်သွားလာခြင်း မရှိသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ရေး Mask Campaign ပြုလုပ်

ဖျာပုံ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွား လမ်းလာ ပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ပေါ် ဆိပ်ကမ်းသာစျေးနှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသီဟန်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအ​ကြီးအကဲ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို မြို့ပေါ်လူစည်ကားရာ နေရာများဖြစ်သော ဆိပ်ကမ်းသာစျေး၊ ဒုတိယလမ်းမီးပွိုင့်ဒေါင့်တို့တွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်း Mask အခုရေ (၅၀၀)ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)