မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်‌ရေးပစ္စည်းများပေးအပ်

မော်လမြိုင်ကျွန်း မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ကြက်ရှာကျေးရွာအုပ်စု၊ ဓနိချောင်းကျေးရွာနှင့် လှိုင်းဘုန်းကျေးရွာအုပ်စု၊ စလူးချောင်းကျေးရွာတို့မှ ဘေးသင့်ပြည်သူများ ထောက်ပံ့ငွေနှင့်ကယ်ဆယ်‌ရေးပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ‌ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပြည်သူများလက်ဝယ်အရောက် ပေးအပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်‌ဇာဇာလင်းနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု (၂)အုပ်စုအတွင်းရှိ ပြိုကျပျက်စီးခဲ့သော နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ ဘေးသင့်လူဦးရေ (၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံး၊ (၁၉)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၀၀၀၀၀)၊ ဆန်ရိက္ခာ (၇)ရက်စာဘိုး (၁၆၈၀၀)၊ စုစုပေါင်း (၂၁၆၈၀၀)တိတိအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)