သာပေါင်း မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သီရိဇေယျာလမ်း၊ ပတ္တမြားရိပ်သာ၊ ခန္ဓာဉာဏ်ရောက် ဝိပဿနာဓမ္မာရုံတွင် စစ်ဘေးတိမ်းရှောင် ခိုလှုံနေကြသော တိုင်းရင်းသား ပလောင်လူမျိုး မိသားစုတို့ကို မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်းတို့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ ပင်သပြေကျေးရွာအုပ်စု၊ ပင်သပြေကျေးရွာမှ TNLA လက်နက်အဖွဲ့၏ တပ်သားသစ် စုဆောင်း ခေါ်ယူနေမှုမှ နေရပ်စွန့်ခွာ ရှောင်တိမ်းလာကြပြီး ရောက်ရှိခိုလှုံနေကြသော တိုင်းရင်းသား ပလောင်လူမျိုး အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၁၄)ဦးတို့ထဲမှ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူ အမျိုးသားအသက်(၃၅)နှစ်၊ အသက်(၈၆)နှစ်၊ အသက် (၅၆)နှစ်၊ အသက်(၂၇)နှစ်၊ အမျိုးသမီး အသက်(၃၁)နှစ်၊ အသက်(၃၈)နှစ်၊ အသက်(၅၄)နှစ် ပေါင်း အမျိုးသား(၄)ဦး၊ အမျိုးသမီး(၃)ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီမံ ဆောင်ရွက်ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်