ပုသိမ်ကြီး မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ်ဝင်းအတွင်း၌ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးကြိုရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲ က အဆိုပါ တက္ကသိုလ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် သက်မှတ်နေရာ အသီးသီးရှိ သစ်ပင်များအား စိုက်ပျိုးခဲ့ကြပြီး၊ တက်ရောက်လာသည့် တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ NGO အဖွဲ့များ၊ ဖိတ်ကြားထားသူများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးကြိုရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား၌ စိုက်ပျိုးခဲ့သည့် သစ်မျိုးများမှာ ကျွန်း၊ ပိတောက်၊ မယ်ဇယ်၊ တမလန်း၊ ပျဉ်းကတိုး၊ ခရေ၊ ကံကော်၊ မဟော်ဂနီ၊ ယင်းမာ အမျိုးအစားများဖြစ်ပြီး၊ စုစုပေါင်း ပျိုးပင် (၅၀၃)ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)