ဖြူး မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Grade-11 သင်ရိုးသစ်ဆင့်ပွါးသင်တန်းကို မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ပြီး ယမန်နေ့နံနက် (၉)နာရီ အချိန်က အမှတ်(၃)အထကကျောင်းတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူ က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် ဆရာ/ဆရာမများအား နေ့စဉ်နံနက်(၉) နာရီမှ ညနေ ၄ နာရီအထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တ၊ပြည်သူ့နီတိနှင့် ကာယပညာသင်ခန်းစာတို့ကို သင်တန်း နည်းပြ ဆရာ/ဆရာမများက မေလ(၂၁)ရက်မှ မေလ(၂၃)ရက်နေ့ အထိ ပြန်လည်၍ ဆင့်ပွားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)