ငရုတ်ကောင်း မေ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ သလဲဒိုးကျေးရွာနှင့် စမ်းချောင်းကျေးရွာတို့တွင်၂၀၂၂-၂၀၂၃ပညာသင် နှစ်ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာသင်ကျောင်းဆောင်များ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးဇင်မြတ်မင်းထွဋ်၊ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီးကျော်သူမျိုး၊ ခလရ (၃၆) မှ ဗိုလ်ကြီးဟန်ဝင်းစိုး၊ မြို့စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးဒေါ်ကျော်မာလာလွင်တို့က ပညာ၏တန်ဖိုးကြီးမားပုံ၊ အချိန်၏ တန်ဖိုးကြီးမားပုံ၊ ကျောင်းနေအရွယ် ကလေးများအား ကျောင်းအပ်နှံပေးရေး၊ ကလေးလူငယ် များသည် မိသားစု၏ အနာဂတ်၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းကော်မတီဝင်များနှင့် ကျောင်းသားမိဘများက မိမိတို့ဒေသတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေး ပြောကြားခဲ့ရာ တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)