လပွတ္တာ မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃နာရီ အချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကားပြောကြားရာတွင် အပတ်စဉ်သန့်ရှင်းရေးဆောင် ရွက်ရေး၊ စိုက်ပျိုးရေးကဏ္ဍ တွင်နွေစပါး၊ မိုးစပါး စိုက်ဧက၊ ကိန်းဂဏန်း မှန်ကန်ရေး၊ တရားမဝင် ကုန်စည်စီးဆင်းရေးလုပ်ငန်းများရှင်းလင်းရေး၊ လပွတ္တာမြောင်းမြ ကားလမ်းဘေးရှိ ကျူးကျော်နေရာများ ရှင်းလင်းဆောင်ရွက်ရေး၊ တက္ကသိုလ်ကျောင်းကိစ္စ၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား စာရင်းပြုစုရေး၊ ကျောင်းနေရွယ် ကလေးများကျောင်းအပ်နှံရေးတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင် / မြို့နယ် အဆင့်လုပ်ငန်း အသီးရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့်ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်