စလင်းမြို့နယ်တွင် မြို့နယ်အဆင့်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် (Grade-11) (သင်ရိုးသစ်) ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

စလင်း မေ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အခြေခံ ပညာအမှတ်(၁)အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ်မြို့နယ်အဆင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲက မိုးလုံလေလုံအားကစားခန်းမဆောင်တွင် မြို့နယ်ပညာရေးမှူး ဦးသိန်းဌေး၊ ကျောင်းအုပ်ဆရာကြီးဦးသန်းမြိုင်၊ ဦးစီးအရာရှိ ဦးကြည်လှိုင်တို့က ဆွေးနွေးပွဲဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ မင်းဘူးခရိုင် ပညာရေးမှူးဒေါက်တာရဲညွန့် တက်ရောက်ခဲ့ပြီး မြို့နယ်ပညာရေးမှူးဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိဦးကြည်လှိုင်ထွန်းက သင်တန်းသားများ လိုက်နာရမည့် စည်းကမ်းချက်များကိုပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ကိုယ်ပိုင်အထက်တန်းကျောင်းမှ အထက်တန်းပြဆရာ/ဆရာမ(၅၅)ဦး၊ အစိုးရအခြေခံပညာ အထက်တန်းပြဆရာ/ဆရာမ(၁၈၈)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ ဆရာ/ဆရာမ(၁၃)ဦးတို့မှ မေလ ၂၁ ရက်မှ မေလ ၂၃ ရက်နေ့အထိ (၃) ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

မောင်လွင်(စလင်း)