တောင်ကုတ် မေ ၂၁
တောင်ကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်အခြေခံပညာအထက်တန်း (GRADE-11) သင်ရိုးသစ်ဆင့်ပွါးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူးဦးထွန်းတင် (စီမံ/ဘဏ္ဍာ)နှင့်ကျောင်းအုပ်ဆရာကြီးများဖြစ်ကြသည့် ဦးမွှေးလှဖြူ၊ ဒေါ်ခင်စန်းမြိုင်တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ၊ စာရိတ္တနှင့်ကာယ စသည့် ဘာသာရပ်များကို မေလ(၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ ဆရာ၊ ဆရာမ(၁၉၂)ဦးသို့ နည်းပြ /ဆရာ၊ဆရာမ (၁၅)ဦးတို့က သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြို့နယ်(ပြန်/ဆက်)