ဂွ မေ ၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အင်္ဂါရပ်များနှင့်အညီ ပတ်ဝန်းကျင်များသန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှမိသားစုဝင်များ၊ ကျေးရွာ SMU အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့ နံနက်(၇)နာရီက ဂွမြို့ ရဟိုင်ကွင်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဇာနည်ကျော် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် နယ်မြေခံ တပ်ရင်းမှ စစ်သည်တော်များ၊ မိသားစုဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအဖွဲ့သားများ၊ ရဟိုင်ကွင်းကျေးရွာရှိ SMU အဖွဲ့ဝင်များ စုစုပေါင်းအင်အား(၂၁၀) ကျော်တို့က မြို့ရွာပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပပြီး၊ ပြည်သူများစိတ်ချမ်းသာစေရန် အတွက် ရဟိုင်ကွင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းရှိ အမှိုက်သရိုက်များ၊ ပလစ်စတစ်အိတ်ခွံများ၊ သစ်ခြောက်၊ သစ်ရွက်များနှင့်ခြုံ၊ နွယ်၊ ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်းနှင့် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များကို ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်