အမ်းမြို့၌ သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်

အမ်း မေ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်း‌ရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းမြေနေရာနှင့် လေယာဉ်ကွင်းလမ်း လမ်းဘေးဝဲရာ​နေရာများတွင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့်သန့်‌ရေးပြုလုပ်ဆောင်ရွက်ခြင်းကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်း​များ၊ ဆရာ/ဆရာမများ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့် ပြည်သူများစုပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်ကြကြောင်း သိရသည်။

အမ်းမြို့နယ် တပ်တောင်မြို့၌လည်း  မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်ကြကြောင်း သိရှိရသည်။

စိုးမင်းထွန်း