မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ကော်မတီဝင်များအား တွေ့ဆုံ၊ မြို့ရေပေးဝေရေးနှင့် အခွန်ငွေများ ပြေကြေစွာ ကောက်ခံရရှိရေး မှာကြား

မကွေး   မေ ၂၁

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မေလ ၂၀ ရက် ယနေ့ နံနက်ပိုင်းက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ အတွင်းရေးမှူးဦးသန်းဆွေဝင်းနှင့် တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်း မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။  

တွေ့ဆုံစဉ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းနိုင်က လက်ရှိမြို့ရေပေးဝေနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ စည်ပင်ကော်မတီဝင်များအနေဖြင့် ပြည်သူများ သောက်သုံးရေအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မြို့ရေပေးရေးလုပ်ငန်းကို အချိန်မှန်ပေးနိုင်ရေး စီမံဆောင်ရွက်ရန်လိုပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အခွန်ငွေများ ပြေကြေစွာ ကောက်ခံရရှိရေးအတွက်လည်း အလေးထား ဆောင်ရွက်ကြစေလိုကြောင်းနှင့် အခွန်နှုန်းထားများကိုလည်း  ခေတ်ကာလနှင့်လျော်ညီစွာ သတ်မှတ်ကောက်ခံနိုင်ရန် ဆောင်ရွက်ဖို့လိုကြောင်းဖြင့် မှာကြားဆောင်ရွက်ခဲ့သည်။

မောင်ညီညာ