ရွှေဘိုမြို့၌ ဒေသစိမ်းလန်းစိုပြည်ရေး မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

​ရွှေဘို ​မေ ၂၀ 

ရွှေဘိုမြို့နယ် သစ်တောဦးစီးဌာနမှ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သစ်​တောသစ်ပင်၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖြစ်​ပေါ်လာ​စေရန်ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီခွဲက​ရွှေဘိုမြို့ အထက(၁)​ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အမျိုးသမီးစည်းကမ်းထိန်းသိမ်း​ရေး​ကော်မတီဝင်များ၊ အထက(၁)ကျောင်းမှ ဆရာ ဆရာမများနှင့်  လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်​ကျော်​အောင်နှင့်ဝန်ထမ်းများ ဒေသခံပြည်သူများ စုစုပေါင်း ၂၅၀ ဦးတက်ရောက်ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်သစ်တောဦးစီးမှူးတို့က တက်ရောက်လာသော ဌာနဆိုင်ရာများထံသို့ စိုက်ပျိုးမည့် ပျိုးပင်များ ပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် တစ်ပြိုင်နက်စုပေါင်း စိုက်ပျိုးခဲ့ကြ သည်။

အဆိုပါမိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အမြင့်နှစ်ပေထက် ပျိုးပင်များဖြစ်သော စိန်ပန်း၁၀၀၊ ပိတောက်ပင် ၁၀၀၊ ခ​ရေ ၁၀၀ စွယ်​တော် ၁၀၀နှင့်မယ်ဇလီပင် ၁၀၀ စုစုပေါင်းအပင် ၅၀၀ ကို ကျောင်းဝင်းအတွင်း စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်