စစ်ကိုင်းတိုင်း​ဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွန်မှုဖြင့် ​ရွှေဘိုမြို့​ရှေး​ဟောင်းကျုံးများအတွင်း သန့်ရှင်းသာယာလှပ​ရေး လုပ်ငန်း​ဆောင်ရွက်​နေမှု ကွင်းဆင်းကြည့်ရှု

​ရွှေဘို  ​မေ၁၉

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့သည် ရှေးဘုရင်များ နန်းစိုက်ရာ သမိုင်းဝင်မြို့ တစ်မြို့ဖြစ်သည်နှင့်အညီ မြို့ပတ်လည်တွင် ကျုံးများဖြင့်ဝန်းရံလျက်ရှိသည်။

စစ်ကိုင်းတိုင်း​ဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွန်မှုဖြင့်ကျုံးများ သန့်ရှင်းသာယာလှပ​ရေးအတွက်၊ ဒိုက်၊​​ ဗေဒါ၊ အမှိုက်ဆယ်ယူခြင်းလုပ်ငန်းများကို၊ လူအင်အားစက်အင်အား​​ဆောင်ရွက် ရာတွင်လုပ်ငန်းများ မြန်ဆန်မှုရှိ​စေရန် ဆည်​မြောင်းနှင့်​ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးဌာနမှ Amphibious Backhoe ၏ အကူအညီဖြင့်​​ ဆောင်ရွက်လျက်ရှိသည်။ ပန်းခြံကျုံး၊ ရဲကျုံး၊ ဘို​မောင်ကျုံးများအတွင်းရှိ စုစု​ပေါင်း​ရေပြင်ကျယ်ဧရိယာ(၂၃)ဧကကိုစက်အင်အားလူအင်အားဖြင့်​ဆောင်ရွက်ခဲ့ပြီး​နောက် ၂၇.၄.၂၀၂၂ ရက်​နေ့မှစတင်၍ ဘို​မောင်ကျုံးအပိုင်း(က)​ရေပြင်​ကျယ် ဧရိယာ(၁၁)ဧကကိုAmphibious Backhoe ဖြင့်​ဆောင်ရွက်ခဲ့ရာ(၁၂.၅.၂၀၂၂)​ရက်နေ့တွင်​ဆောင်ရွက်ပြီးစီးခဲ့သည်။ ယခုအခါ ဘို​မောင်ကျုံးအပိုင်း(ခ​)ရေပြင်ကျယ်ဧရိယာ(၇.၅) ဧက ခန့်ကိုတက်လက်​ဆောင်ရွက်လျက်ရှိသည်။

၁၉.၅.၂၀၂၂ရက်​နေ့ ည​နေ၄ နာရီချိန်​ရွှေဘိုခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များမှကျုံးများအတွင်း ဒိုက်၊ ​ဗေဒါ၊ အမှိုက်များဆယ်ယူခြင်းလုပ်ငန်းသို့ ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့ပြီး လက်ရှိလုပ်ငန်း​ဆောင်ရွက်ထားရှိမှုအ​ခြေအ​​နေ၊ ကျန်ရှိသည့်ဒိုက်​၊ ဗေဒါ၊ အမှိုက်ရှိသည့်ကျုံးများအတွင်း သန့်ရှင်းသာယာလှပ​စေ​ရေး ဆက်လက်​ဆောင်ရွက်နိုင်ရန်အတွက် ဆက်စပ်ဌာနများမှ ပူး​ပေါင်း ပါဝင်​​ဆောင်ရွက်နိုင်​ရေးလိုအပ်သည်များကို​ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်​ပေးခဲ့​ကြာင်း သိရသည်။

ဆက်လက်၍ ရွှေဘိုမြို့​နေပြည်သူများသန့်ရှင်း​သော ​​သောက်သုံးရေရရှိ​ရေးအတွက်မဟာနန္ဒာ ကန်​တော်ပတ်ဝန်းကျင်သာယာလှပ​ရေး၊​ ရေစီး​ရေလာ​ကောင်း မွန်​ရေး၊ ကွင်းဆင်းကြည့်ရှုစစ်​ဆေးပြီးလိုအပ်များ အမြန်ဆုံး​​​ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများကို​ ဆွေး​နွေး​ပြောကြားခဲ့​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)