ပြည်မြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်ပိုစတာများ စိုက်ထူ

ပြည် မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊  ပြည်မြို့၊ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ပြည်မြို့(ရုံးခွဲ)ရှေ့ ဗိုလ်ချုပ်လမ်းမကြီးဘေး၌ ယနေ့နံနက် ၈ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်) တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ကြည်အေးနှင့် ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်တို့က မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ နံနက် ၉ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးအဝင် ဗိုလ်ချုပ်လမ်းမကြီးဘေး၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူဖွင့်လှစ်ပြီး မြို့နယ်အတွင်း ခြေခံပညာကျောင်းများတွင်လည်း အလားတူမြေစိုက်ပိုစတာများ စိုက်ထူဆောင်ရွက်လျက်ရှိကြောင်း၊  “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် မိဘများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေး လှုံ့ဆော်မှု မြေစိုက်ပိုစတာများ စိုက်ထူရခြင်းဖြစ်‌ကြောင်းနှင့် ကျောင်းအပ်နှံရေး သီတင်းပတ်အား မေလ(၂၆)ရက်မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်းသိရသည်။

ကိုဆက်