ဆိပ်ဖြူ မေ ၂၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနေ့ အသိပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၈နာရီက ဆိပ်ဖြူ - စလင်းသွား ကားလမ်းနှင့် ရတနာလမ်းဆုံ၌ ပြုလုပ်သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး၊ ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေးအသိပေး ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများတက်ရောက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနေ့ အသိပေးလှုံ့ဆော်မြေစိုက် ဆိုင်းဘုတ်အားခ စိုက်ထူးပေးခဲ့ကြသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ အခြေခံပညာကျောင်းများ အသီးသီး၌ ကျောင်းသားကျောင်းသူများ ကျောင်းအပ် လက်ခံပေးသွားမည်ဖြစ်ပြီး အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား /ကျောင်းသူ (၅၂၂) ဦး ၊အလယ်အဆင့် ကျောင်းသား /ကျောင်းသူ (၁၉၀၀) ဦး၊ ကျောင်းသား /ကျောင်းသူ မူလတန်းအဆင့် (၃၆၂၆) စုစုပေါင်း အပ်နှံစာရင်းရှိ ကျောင်းသား/ကျောင်းသူ (၆၀၄၈) ဦးရှိကြောင်း၊ မြို့နယ်တွင်းရှိ အထက်တန်းကျောင်း (၁၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၀) ကျောင်း၊ အလယ်တန်းကျောင်း (၉)ကျောင်း၊ အလယ်ကျောင်းခွဲ (၆)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၀)ကျောင်း၊ မူလတန်းကျောင်း(၃၇)ကျောင်းနှင့် မူလတန်းကျောင်းခွဲ (၄)ကျောင်းတို့ကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် ကျောင်းသား/ကျောင်းသူများ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများထံမှ ငွေကြေးတစ်စုံတရာမှ ကောက်ခံခြင်းမရှိပဲ ကျောင်းအပ်နှံသည့်နေ့တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ပုံနှိပ်စာအုပ်များ၊ ထောက်ပံ့ပစ္စည်းများလည်း ကျောင်းသား/ကျောင်သူများထံ ပေးအပ်သွားမည်ဖြစ်ပြီး ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးနှင့် ပညာသင်ယူခွင့် အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးအတွက် မိဘ ဆရာ ရပ်မိရပ်ဖ ဒေသခံပြည်သူများ ဝိုင်ဝန်းပူးပေါင်းပါဝင်ဆောင်ရွက်နိုင်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ပြောကြားသိရှိရသည်။
စိုးလင်းနိုင်(IPRD)