ဖား​ဆောင်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာရောဂါ ကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းလုပ်ငန်းဆောင်ရွက်

ဖား​ဆောင်း မေ ၂၀

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အမျိုးသမီးငယ်​လေးများအား သားအိမ်​ခေါင်း ကင်ဆာ​ရောဂါ ကြိုတင်ကာကွယ်​စေရန် ရည်ရွယ်၍ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာရောဂါ ကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းလုပ်ငန်းကို ယ​နေ့နံနက်(၈)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာ​ရေးဌာန၌ ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းလုပ်ငန်းတွင် မြို့နယ်ကျန်းမာ​ရေးဌာနမှ ဝန်ထမ်းများက မြို့​ပေါ်ရပ်ကွက်နှင့် ​ကျေးရွာအုပ်စုများရှိ အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား ဒုတိယအကြိမ် သားအိမ်​ခေါင်းကင်ဆာ ​ရောဂါကာကွယ်​ဆေး ထိုးနှံ​ပေးခြင်းလုပ်ငန်းကို ​ဆောင်ရွက်ပြီး ​နောက်အမျိုးသမီးကျန်းမာ​ရေးဆရာမ ​ဒေါ်တင်မိုးသက်က (HPV)ကာကွယ်​ဆေးထိုးနှံခြင်းဖြင့် သားအိမ်​ခေါင်းကင်ဆာ​ရောဂါကို ကာကွယ်​ပေးနိုင်​ကြောင်း၊ ကာကွယ်​ဆေးတစ်ကြိမ်နှင့် တစ်ကြိမ်(၁၂)လခြားပြီးမှ ဒုတိယအကြိမ်ထိုးနှံရ​ကြောင်း၊ သားအိမ်​ခေါင်းကင်ဆာ၏​ရောဂါလက္ခဏာများ၊ သားအိမ်​ခေါင်းကင်ဆာဖြစ်ပွားပါက ​နောက်ဆက်တွဲ ဖြစ်ပွားနိုင်သည့် ​ရောဂါလက္ခဏာများ၊ (HPV)ပိုးကူးစက်ခံရပြီး သားအိမ်​ခေါင်းကင်ဆာဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် အ​​ကြောင်းအရင်းများစသည့် ကာကွယ်​ဆေးထိုးနှံ​ပေးမှုအ​ခြေအ​နေများကို အသိပညာ​ပေး​ဟော​ပြောခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)