ကျိုက်ထိုမြို့နယ်တွင်  ကျောင်းအပ်နှံရေး (သီတင်းပတ်)ဆိုင်းဘုတ် စိုက်ထူ

ကျိုက်ထို မေ ၂၀

၂၀၂၂ -၂၀၂၃  ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာ သင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက် ၉နာရီခွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်း၌ စိုက်ထူခဲ့သည်။

ကျောင်းအပ်နှံရေး (သီတင်းပတ်)အား  ၂၀၂၂  ခုနှစ်  မေ ၂၆ ရက်မှ ဇွန်လ ၃၁ရက်နေ့ထိ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ပြီး  အခြေခံပညာ‌ကျောင်းများဖြစ်သည့် မူလတန်း၊ မူလတန်းလွန်၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၌ တစ်ပြိုင်တည်း ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

ဆိုင်းဘုတ်စိုက်ထူပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ မြို့နယ်ပညားရေးမှူး ဒေါ်သင်းသင်းအိနှင့် လက်ထောက်ပညာရေးမှူးများ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ   တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)