ညောင်​လေးပင်မြို့နယ်​​၌ ၂၀၂၂-၂၀၂၃ခုနှစ်၊ လုပ်ငန်းရာသီအတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင် ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကျင်းပ

ညောင်လေးပင် မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ငါးလုပ်ငန်းဉီးစီးဌာန တိုင်းဒေသကြီးဉီးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က အင်း/တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ညောင်လေးပင်မြို့နယ်အတွင်းရှိ ဂရန်အင်း(၂၀)အင်းကို (ပထမ)အကြိမ် လေလံတင်ရောင်းချရာ (၈)အင်းနှင့် တင်ဒါချက်(၁၄)ချက်မှ (၈)ချက်တို့အား အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး ကျန်ရှိနေသော အင်းများကို (၃-၆-၂၀၂၂) ရက်နေ့တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် (ဒုတိယ)အကြိမ် အင်းလေလံတင် ရောင်းချခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်