ရခိုင်ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ဆိုင်းဘုတ် စိုက်ထူ

စစ်တွေ မေ ၂၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”  အသိပေး မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက  စစ်တွေမြို့ ဦးဥတ္တမပန်းခြံ အရှေ့မျက်နှာစာတွင် စုပေါင်းစိုက်ထူပေးကြကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေး မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ပြည်နယ်ပညာရေးမှူးရုံးမှဝန်ထမ်းများ တက်ရောက်ပြီး စုပေါင်းစိုက်ထူခဲ့ ကြသည်။ အလားတူ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ဆိုင်းဘုတ် စိုက်ထူခြင်းကို မြို့နယ်အလိုက် သတ်မှတ် နေရာများတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်ခုနှစ်အတွင်း  တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ၂၀၂၂ ခုနှစ် မေလ(၂၆) ရက် နေ့မှ ဇွန်လ(၁) ရက်နေ့အထိကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ကျောင်းအပ်နှံခြင်းအား လက်ခံ ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။

တင်ထွန်း(ပြန်/ဆက်)