ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် သင်တန်းသား/သူများ ကြိုဆိုပွဲကျင်းပ

ဘိုကလေး မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် မေ(၁၂)ရက်နေ့မှ စတင်၍ လေးနှစ်သင် ပညာရေဒီဂရီကောလိပ် ပထမနှစ် (ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်) သင်တန်း စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ယမန်နေ့နံနက် (၁၀)နာရီခန့်၌ အဆိုပါကောလိပ် ပညာဂုဏ်ရည် ခန်းမ၌ သင်တန်းသား/သူများအား ကြိုဆိုပွဲ ကျင်းပဆောင်ရွက်သည်။

ကြိုဆိုပွဲသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့၊ ဘိုကလေး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့၊ ဘိုကလေးပညာရေး ကောလိပ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြပြီး ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးတင်လင်းမှ ဩဝါဒအဖွင့် စကားပြောကြားခဲ့ပြီး သင်တန်းသို့ တက်ရောက်နေကြသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား/သူများမှ မြို့နယ် အလိုက် မိတ်ဆက်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သင်တန်းအား မေလ(၁၂)ရက်နေ့မှစတင်၍ ဩဂုတ်လ(၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား(၁၂၁)ဦး၊ သင်တန်းသူ(၁၃၂)ဦး၊ စုစုပေါင်း (၂၅၃)ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)