သာယာဝတီမြို့တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

သာယာဝတီ မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ မိုးရာသီအကြိုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲက သုံးဆယ်မြို့ကြိုးဝိုင်း၊ အကွက်အမှတ် (၆၁) စိုက်ကွင်း၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဒေသအပူချိန်လျော့ချနိုင်စေရန်အတွက် စိုက်ပင်အမြင့် ၂ ပေနှင့်အထက်ရှိသော ပိတောက် (၁၅၀) ပင်၊ ပျဉ်းကတိုး (၁၅၀) ပင်၊ ကျွန်း (၁၅၀)ပင် စုစုပေါင်း (၄၅၀) ပင်တို့အား ဒေသခံပြည်သူများနှင့် သစ်တောဝန်ထမ်းအင်အား စုစုပေါင်း (၇၀) ဦးခန့်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)